ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် COVID-19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ် ရေး ကျန်းမာရေး ပညာပေးလှုပ်ရှားမှု ဆောင်ရွက်

ပင်လုံမြို့၊၂၀၂၀ပြည့်နှစ်၊မတ်လ(၂၅)ရက်

     ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပင်လုံတိုက်နယ်ဆရာဝန် ဒေါက်တာစိုင်းမြတ်သူရမှ ဦးစီး၍ ပြုလုပ်သော COVID-19 အဆုတ်ရောင် ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး ပညာပေးလှုပ်ရှားမှုအား (၂၅-၃-၂၀၂၀) (ဗုဒ္ဓဟူး)နေ့ နံနက် ၈ နာရီမှ နံနက် ၁၁ နာရီအထိ ပင်လုံဈေးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် လွိုင်လင် မြို့နယ်အသင်းခွဲ ဥက္ကဋ္ဌ ဦးကျော်ဇော၊ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုင်းမြင့်သိန်းဦး၊ မြို့နယ်အတွင်းရေးမှူး ဦးခွန်စံညွန့်နှင့် မြို့နယ်စေတနာ့လုပ်အားရှင်များ၊ CBHR စီမံကိန်းမှ ဝန်ထမ်းများ၊ လူထုအခြေပြု ဌက်ဖျားရောဂါကာကွယ်ရေးစီမံကိန်းမှ ဝန်ထမ်းများ စုစုပေါင်း    (၂၅)ဦး (ကျား ၁၅၊ မ ၁၀) ပူးပေါင်းပါဝင်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ် ပိုစတာများ ကပ်ခြင်း၊ နံရံကပ်စတစ်ကာများ ကပ်ခြင်း၊ Mobile Ampifier အသုံးပြု၍ မြန်မာဘာသာ၊ ပအိုဝ်ဘာသာ၊ ရှမ်းဘာသာ စကားများဖြင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ အား ဆောင်ရွက်ခဲ့ပါသည်။

 

 

More Tags