ရွာငံမြို့တွင် မြို့နယ်အဆင့် COVID-19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွာငံမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်

     မြို့နယ်အဆင့် COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉:၃၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းစိုးမှ ကော်မတီဖွဲ့စည်းရခြင်းအကြောင်း ကိုရှင်းလင်းပြောဆိုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းမှ လက်ရှိဆောင်ရွက်ထားမှုများအား ရှင်းလင်းပြောဆိုခဲ့ပါသည်။

 

     ဆက်လက်ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ‌ဒေါက်တာခွန်ဝင်းလတ်က ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များ ကုသရေးလုပ်ငန်းစဉ်များလွှဲပြောင်း ညွှန်းပို့ခြင်းလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ၎င်းနောက် ဘဏ္ဍာရေးကော်မတီ ပြန်ကြားရေးကော်မတီနှင့် အခြားကော်မတီများကို တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဖွဲ့စည်းခဲ့သည်။ အခမ်းအနားကို မနက် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

More Tags