မယ်စဲ့မြို့နှင့် ရှားတောမြို့တွင် 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွါးသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်

မယ်စဲ့မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်

     ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်သည် မယ်စဲ့မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်အတူ (၆-၂-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်ရှိ နယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူများကို 2019 Novel Coronavirus ရောဂါနှင့်ပတ်သက်၍ အဖျားရှိ/မရှိကို စစ်ဆေးနေမှုအား ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ (၉-၂-၂၀၂၀) ရက်နေ့တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးသည် ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်အတူ ရှားတောမြို့နယ်တွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူများကို 2019 Novel Coronavirus ရောဂါနှင့်ပတ်သက်၍ အဖျားရှိ/မရှိကို စစ်ဆေးနေမှုအား ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ ရှားတောမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများသည် အခြားဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူများကို စစ်ဆေးပေးလျက်ရှိပါသည်။

More Tags