မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးမြို့၊ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၂)ရက်

     COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂.၄.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)တွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်၊ ညွှန်းကြားရေးမှူးများ၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး (၂၈)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။


     အစည်းအဝေးတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Guideline များနှင့်အညီ Quarantine Center များအား ပြင်ဆင်ထားရှိရန်နှင့် နောက်ဆုံးရ သတင်းအချက်အလက်များကို လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ Quarantine Center များ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တပြ ဆွေးနွေးခဲ့ကြသည်။

 

 

 
 

More Tags