မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းအဖြစ် ဟောပြောပွဲပြုလုပ်

မကွေးမြို့၊၂၀၂၀ပြည့်နှစ်၊မတ်လ(၂၈)ရက်

     မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးတွင် COVID-19 ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းအဖြစ် ရဲတပ်ဖွဲ့၀င်များနှင့် ၎င်းတို့၏မိသားစု၀င်များကို ဟောပြောပွဲပြုလုပ်ခြင်းကို (၂၇.၃.၂၀၂၀) ရက်နေ့နှင့် (၂၈.၃.၂၀၂၀) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းမှ COVID-19 ရောဂါ၏ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပွားမှုအခြေအနေ၊ သေဆုံးမှုအခြေအနေ၊ ကာကွယ်တားဆီးရန် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ရောဂါပိုး မကူးစက်အောင်မည်ကဲ့သို့ လက်ဆေးရမည်ကို သရုပ်ပြသခဲ့ပါသည်။

 

More Tags