မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူးရုံးခန်းတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို Review Meeting ပြုလုပ်

မကွေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်

     မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူးရုံးခန်းတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်သုံးသပ်ရန်နှင့် ဆက်လက်၍လုပ်ဆောင်ရမည်များကို ဆွေးနွေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် Review Meeting ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်၍ လုပ်ဆောင်ရန်ရှိသည်များနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ကြမည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အစည်းအဝေးသို့မကွေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ဦးစီးအရာရှိများနှင့် မကွေးမြို့နယ်မှ တာဝန်ခံဆရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

More Tags