မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနတွင် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းအဖြစ် ပရဟိတအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးမြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀) ရက်

     မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းအဖြစ် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မကွေးမြို့နယ်အတွင်းရှိ ပရဟိတအသင်းများပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် မကွေးတိုင်းဒေကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာကြည်သန့်ဆွေမှ COVID-19 သံသယလူနာများနှင့် ပိုးတွေ့လူနာများကို သယ်ယူပို့ဆောင်ရေး ၊ ပိုးတွေ့လူနာများသေဆုံးပါက မည်ကဲ့သို့ပြုလုပ်ရမည်ကို ရှင်းလင်း ပြောပြခြင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ပရဟိတအသင်းများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။အစည်းအဝေးသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ကရုဏာရှင်အသင်း၊ သဒ္ဓါရှင်အသင်း၊ KS Rescue အသင်း၊ ခေမာအသင်းတို့မှ တာဝန်ရှိသူများ စုစုပေါင်း (၁၂)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags