မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတွင် COVID-19 (Coronavirus Disease 2019) ရောဂါကာကွယ်ရေး ကုသရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် Command Center ဖွင့်လှစ်ဆောင်ရွက်

မကွေး၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၈ ရက်

     မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတွင် COVID-19 (Coronavirus Disease 2019) ရောဂါကာကွယ်ရေးကုသရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၂၈.၃.၂၀၂၀) ရက်နေ့မှစတင်၍ Command Center ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ Command Center တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှ့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာ၀န်များ၊ ဦးစီးအရာရှိများ၊ အခြားကျန်းမာရေး၀န်ထမ်းများ ပူးပေါင်းပါ၀င် ဆောင်ရွက်လျှက်ရှိပါသည်။

 

More Tags