မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တန့်ယန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

တန့်ယန်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်

     မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များသည်  ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တန့်ယန်းမြို့နယ် တာကော်အက်တံတားတွင် ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး COVID -19 ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တဖက်နိုင်ငံဘက်မှ ဝင်ရောက်လာသောသူများအား အပူချိန်တိုင်းတာခြင်းများကို ကူညီဆောင်ရွက်ခဲ့ပါသည်။ အလားတူ မူဆယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ မိုင်းယု (၁၀၅)မိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များသည် မူဆယ် ၁၀၅ မိုင်  မန်ဝိန်းဂိတ်တွင် ကျန်းမာရေးဌာန၊ ကရုဏာလူမှု ကူညီရေးအသင်းတို့နှင့်ပူးပေါင်းကာ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တဖက်နိုင်ငံမှ ဝင်ရောက်လာသောသူများအား အပူချိန်တိုင်းတာခြင်းများကို ကူညီဆောင်ရွက်ခဲ့ပါသည်။

 

More Tags