မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ Coronavirus Disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောခြင်းပြုလုပ်

မော်လမြိုင်မြို့၊၂၀၂၀ပြည့်နှစ်၊ မတ်လ(၂၄)ရက်

     Coronavirus Disease (COVID-19) လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းကို မတ်လ(၂၄)ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ ဒေါ်တင်အိမှ အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပါသည်။


     အဆိုပါပညာပေး ဟောပြောခြင်းကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းပပဌေးမှ (COVID-19) ရောဂါနှင့်ပတ်သက်ပြီး ရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လိုက်နာသင့်သည့် နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မွန်ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများကို ပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများမှ သိလိုသည်များ မေးမြန်းကြသည်တို့ကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

More Tags