မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ COVID-19 နှင့်ပတ်သက်၍ ပညာပေးမှုများဆောင်ရွက်

ဘီးလင်းမြို့၊၂၀၂၀ပြည့်နှစ်၊မတ်လ(၂၈)ရက်

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၈.၃.၂၀၂၀) ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ကြီးကြပ်များအသင်းနှင့် အခြားစေတနာ့ ဝန်ထမ်းအသင်း အဖွဲ့များပူးပေါင်း၍ လက်ကမ်း စာစောင်များ ပေးဝေခြင်း၊ ဗီနိုင်းပိုစတာများကပ်ခြင်း၊ အသံချဲ့စက်များ အသုံးပြု၍ ပညာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

 

 

More Tags