မူဆယ် (၁၀၅)မိုင်တွင် ကြက်ခြေနီက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုတွင် ကြက်ခြေနီ ပါဝင်ဆောင်ရွက်

မူဆယ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ​ဖေဖော်ဝါရီလ ၉ ရက်

    မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ မူဆယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ မိုင်းယု (၁၀၅) မိုင် ကြက်ခြေနီတပ်ခွဲမှူး ဦးသန့်ဇင်ဦးဆောင်သော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် (၇) ဦးတို့သည် မူဆယ် ၁၀၅ မိုင်ကျေးရွာအုပ်စု ​​အောက်နမ့်ဟွယ်ကျေးရွာတွင်နေထိုင်သည့် နာမကျန်းဖြစ်သူ ​ဒေါ်အီထံသို့ အာဟာရ ဖြစ်စေမယ့်အစားအစာနှင့်အထောက်အပံ့ ပစ္စည်းများဖြစ်သည့် အင်္ကျီ (၁) ထည်၊ အနွေးထည် (၁)ထည်၊ အမျိုးသမီလုံချည် ၁ ထည်၊ သဘက် ၁ ထည်၊ ဖိနပ် (၁) ရံ၊၊ Calsome ပြောင်းဖူးမစ်(၁)ထုတ်၊ နို့ဆီ(၁)ဗူး၊ ပေါင်မုန့်(၁)ထုတ်၊ ​ဒေါ်သောင်းစိန်ဆေးမြစ်စုံ(၁)ဗူး၊ ရုပ်ပျိုဆေးဗူး (၁)ဗူး၊ မဟာဖြေဆေး(၁)ဗူးနှင့် ငွေကျပ် (၁၀၀၀၀) တို့ကို ပေးအပ်ခဲ့ပါသည်။

 

     ဆက်လက်ပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးအနေဖြင် ကျေးရွာအတွင်းရှိ ​ကျေးရွာသူ/သားများကို ကိုယ်အပူချိန်တိုင်တားပေးခြင်းနှင့် နှာ​ခေါင်းစည်းများ အခမဲ့ဝေငှခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းနောက် အဆိုပါကျေးရွာအတွင်းရှိ ဘုန်းတော်ကြီး ​ကျောင်းဝင်းအတွင်းနေထိုင်ပြီး ပညာသင်ကြားနေသော ​ကျောင်းသူကျောင်းသားများအား နိုဗယ်ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်ပြီး အသိပညာပေးပွဲများကိုပြုလုပ်ခ့ဲ့ကြကြောင်း သတင်းရရှိပါသည်။

Credit to : ဦးသန့်ဇင်၊ ဒေါ်စမ်းစမ်းမော်
 

More Tags