ဘီးလင်းမြို့နယ်တွင် (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ပညာပေးမှုများဆောင်ရွက်

ဘီးလင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၆) ရက်

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၆.၃.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ် သူနာပြုနှင့်သားဖွားအသင်းဝင်များမှ ဘီးလင်းမြို့၊ နီလာဈေးနှင့် အဝေးပြေးလမ်းဆုံတွင် ကျန်းမာရေးပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ဆေးရန်နေရာများသတ်မှတ်ပြီး သရုပ်ပြလက်ဆေးခြင်း၊ လက်ကမ်းစာစောင်များ နှင့် နှာခေါင်း စည်းများဝေခြင်းတို့ကို နှီးနွယ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

 

     ဆက်လက်၍ ရင်းအုံကျေးလက်ကျန်းမာရေးဌာန၊ သပြေနီကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ပိုင်ဒဝယ် ကျေးလက်ကျန်းမာရေးဌာနခွဲတို့မှ ကျန်းမာရေးဝန်ထမ်းများမှ နိုင်ငံခြားမှပြန်လာသူများအား ကျန်းမာရေးစစ်ဆေးခြင်း နှင့် ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

More Tags