တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ဆေးရုံတွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ ဆောင်ရွက်

ရေဖြူမြို့၊ ၂၀၂၀ပြည့်နှစ်၊ဧပြီလ(၁)ရက်

     (၁-၄-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းသည် ရေဖြူမြို့နယ်ဆေးရုံတွင် COVID-19 အတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး လမ်းညွှန်မှာကြားပါသည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ‌ဒေါက်တာ ခင်မျိုးမှ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။ တိုင်းဦးစီးမှူးမှ COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက် လာပြီဖြစ်၍ နိုင်ငံခြားမှ ပြန်ရောက်လာသူများအား သတ်မှတ်နေရာများတွင် (၁၄)ရက် စောင့်ကြည့်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများ မကူးစက်စေရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိရန်တို့ကို မှာကြားခဲ့ပါသည်။

 

 

More Tags