ညောင်ရွှေမြို့နယ်အတွင်း COVID-19 လူနာသွားလာဆောင်ရွက်စဉ် ဆက်စပ်ထိတွေ့ခဲ့သူများကို ကျန်းမာရေးစစ်ဆေးပြီး နေအိမ်စောင့်ကြပ်ကြည့်ရှုခြင်းများဆောင်ရွက်

ညောင်ရွှေမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၉) ရက်

     ညောင်ရွှေမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် COVID-19 လူနာ၊ အမှတ်စဉ် (၈) ညောင်ရွှေမြို့နယ်အတွင်း သွားလာဆောင်ရွက်စဉ် ဆက်စပ်ထိတွေ့ခဲ့သူများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် နေအိမ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

 

     ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများမှ COVID-19 လူနာ အမှတ်စဉ်( ၈) ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ အသက် ၆၀ နှစ်အရွယ် ဧည့်လမ်းညွှန်အမျိုးသမီး၏ မတ် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ညောင်ရွှေ၊ အင်းလေးခရီးစဉ်တွင် ဆက်စပ်ထိတွေ့ခဲ့သည့် မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦး၊ ၎င်းတို့၏ ဆက်စပ်မိသားစုဝင် ၁၀ဦး၊ စက်လှေမောင်း ၃ ဦးနှင့် ၎င်းတို့၏ ဆက်စပ်မိသားစုဝင် ၁၃ ဦး၊ တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်မှ ဝန်ထမ်း ၆၉ ဦး၊ လေ့လာလည်ပတ်ခဲ့သည့် ဘုရား၊ ရက်ကန်းရုံ၊ ပိုးထည်ဆိုင်တို့မှ ဂေါပကအဖွဲ့၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ ဆက်စပ်မိသားစုဝင် ၈၃ဦး၊ စက်လှေစီးနင်းခဲ့သည့် ခရီးသွားလုပ်ငန်းမှ ဝန်ထမ်း ၈ ဦးတို့ကို ကျန်းမာရေးစစ်ဆေးခြင်း၊ Home Quarantine ထားရှိခြင်းတို့ ဆောင်ရွက်ထားရှိပါသည်။ စစ်ဆေးချက်များအရ လက်ရှိအချိန်ထိ ထူးခြားသည့်ကျန်းမာရေးအခြေအနေများ မရှိကြောင်းနှင့် တည်းခိုနေထိုင် သွားရောက်ခဲ့သည့်နေရာများ၊ စက်လှေနှင့် ယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့‌ပါသည်။

More Tags