စစ်တွေမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (EOC) ခန်းမ၌ Video Conference အစည်းအဝေး ကျင်းပ

စစ်တွေမြို့၊ (၂၀၂၀) ခုနှစ်၊ မတ်လ (၂၅) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ (EOC) ခန်းမ၌ Video Conference အစည်းအဝေးကို (၂၀၂၀) ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ (COVID-19) ကုသ၊ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်မှုများကို ခံယူခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များက ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

More Tags