စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ချောင်းဦးမြို့နယ် အတွင်း (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေး

ချောင်းဦး၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၉ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့် (COVID19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ချောင်းဦးမြို့နယ်အတွင်း (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ချောင်းဦးမြို့နယ်ဆေးရုံတွင် (COVID19) ရောဂါ သံသယလူနာများ၊ စောင့်ကြည့်လူနာများ ထားရှိနိုင်ရေး ပြင်ဆင် ထားရှိမှုကိုလည်းကောင်း၊ ချောင်းဦး အ.ထ.က၌ နိုင်ငံရပ်ခြားပြန်များအား community based facility quarantine သီးသန့်ခွဲခြားထား ရှိရန်ပြင်ဆင်ထားရှိမှုနှင့် တိုင်းကူးကျန်းမာရေးစစ်ဆေးရေး ဝင်ပေါက်ဖြစ်သော ဆင်ဖြူရှင်တံတား ကျန်းမာရေးစစ်ဆေးဂိတ်၌ မကွေးတိုင်းမှ စစ်ကိုင်းတိုင်းသို့ ဝင်ရောက်လာ သောခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးမှုများကို လာရောက်စစ်ဆေးကာ၊ ချောင်းဦးမြို့နယ် အတွက်လိုအပ်သော PPE (၃၀) စုံ၊  N95 Mask (၁၀၀)ခု၊   Surgical Mask(၁၅၀) ခု၊ Gauze Mask ( ၆၀ ) ခု၊ Non-contact thermometer (၁၀)ခုစသော ရောဂါ ကာကွယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

More Tags