ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး၌ COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်း အစည်းအဝေးပြုလုပ်

မြစ်ကြီးနားမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ ၂၆ ရက်

     ကချင်ပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ (၂၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည်(၂း၀၀)နာရီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောရန်ပုံငွေရရှိရန်နှင့် ဆေးရုံသုံးပစ္စည်းများရရှိရေးတို့အတွက် ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုရေးဝန်ကြီးဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှူးဦးအောင်ဝင်းက လုပ်ငန်းတာဝန်များကိုပြောကြားခဲ့ပါသည်။ အလှူရှင်များ၏ လှူဒါန်းမှုများကို (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် လက်ခံမည်ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မတီဝင် (၁၃) ဦး တက်ရောက်ခဲ့ပါသည်။

More Tags