ကချင်ပြည်နယ်ပြည်နယ် ကြက်ခြေနီရုံး၌COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းပြုလုပ်

မြစ်ကြီးနားမြို့၊၂၀၂၀ပြည့်နှစ်၊ မတ်လ(၂၉)ရက်

     ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအဖွဲ့တို့ ပူးပေါင်း၍ (၂၈.၃.၂၀၂၀)နှင့် (၂၉.၃.၂၀၂၀) ရက်နေ့များတွင် ကချင်ပြည်နယ် ကြက်ခြေနီရုံး၏ သင်တန်းခန်းမတွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းတွင် COVID19 အဆုတ်ရောင်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ နော်ရှဲလ်ထာမှ သင်ကြားပို့ချခဲ့ပါသည်။ PPE ဝတ်ဆင်နည်းနှင့် စနစ်တကျချွတ်နည်းကို မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး သီးသန့်လူနာခန်း (Isolation Ward)တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများမှ သင်ကြားကာ Hypochlorite Solution ဖျော်ပုံဖျော်နည်းကို WHO မှ ဒေါက်တာကျော်ထက်နှင့် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(ရပကန) ဝန်ထမ်းများမှ ပို့ချခဲ့ပါသည်။ ၎င်းသင်တန်းတွင် ကချင်ပြည်နယ် (၁၄)မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်(၂၇)ဦးတို့ တက်ရောက်ခဲ့ပြီး ၎င်းတို့မြို့နယ်အလိုက် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များကို ရေးဆွဲခဲ့ပါသည်။

 

 

More Tags