ကျောက်တံခါးမြို့၊ ၂၀၂၀၊ မတ်လ ၊ (၂၉) ရက်
၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှ စတင်၍ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့မှအခြေခံကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျောက်တံခါးမြို့နယ် အတွင်းအဝေးပြေးကားဂိတ်များတွင် ခရီးသွားပြည်သူများအား COVID-19 ဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အပူချိန်တိုင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။