COVID-19 ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ခရီးသွားပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများအား အသိပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်

ကျောက်တံခါးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၄) ရက်

     ၂၀၂၀ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ဖဒိုတိုက်နယ်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဖဒိုတိုက်နယ်ဆရာဝန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ပြည်သူလူထုအား COVID-19 ဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ဆေးနည်းများပြောပြပေးခြင်း၊ ပြည်ပမှပြန်လာသူများမိမိနေအိမ်တွင်လိုက်နာရ မည့်အချက်များအားအသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags