Union Minister attends Wednesday Morning Meeting (6/2019) 15-5-2019

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ မေလ (၁၆) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေလ (၁၅) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ တက်ရောက်ခဲ့ပါသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယနေ့ ဗုဒ္ဓဟူးနေ့၊ နံနက်ပိုင်းအစည်းအဝေးတွင် ဝန်ကြီးဌာနဘဏ္ဍာငွေ၊ ကမ္ဘာ့ဘဏ်ချေးငွေ၊ Asian Development Bank ချေးငွေဖြင့် ဆောင်ရွက်နေသော စီမံချက်လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားမည်ဖြစ်သဖြင့် ဌာနအသီးသီး၊ ကျန်းမာရေးစီမံချက်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဝန်ကြီးဌာနဘဏ္ဍာငွေဆိုင်ရာ ကိစ္စရပ်များကို ပိုမိုရှင်းလင်းစွာသိရှိနိုင်မည်ဖြစ်ကာ အဆိုပါ ဘဏ္ဍာငွေများကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနဘဏ္ဍာငွေ၊ ထောက်ပံ့ငွေနှင့် ချေးငွေများကို သုံးစွဲမှုအခြေအနေနှင့် အကျိုးရှိထိရောက်စွာသုံးစွဲမှု ရှိ/ မရှိတို့ကိုလည်း စောင့်ကြပ်ကြည့်ရှုရန် အဖွဲ့တစ်ခုဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံ၍ ကမ္ဘာ့ဘဏ်ချေးငွေများကို မည်ကဲ့သို့ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားမည်ကို စုပေါင်းဆွေးနွေးသွား ကြစေလိုပါကြောင်း၊

• ယခုကဲ့သို့သော အစည်းအဝေးတွင် ဆွေးနွေးပြောကြားမှုများဖြင့် စီမံချက်များ၏ လုပ်ငန်းစဉ်များကို ပိုမိုရှင်းလင်းစွာသိရှိနိုင်မည်ဖြစ်ပြီး ဌာနအချင်းချင်း၊ စီမံချက်လုပ်ငန်း အချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

အဆိုပါအစည်းအဝေးတွင် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဝင်းဦးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဒေါ်ခိုင်ခိုင်ကြည်တို့က Current status of World Bank Loan Project (EHSAP) အားလည်းကောင်း၊

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဒေါ်ခင်လေးညို က Current status of Government Budget Utilization ကိုလည်းကောင်း၊

လက်ထောက်အတွင်းဝန် (ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ) ဒေါက်တာကျော်ခိုင်က Implementation status and use of current Biennium (2018-19) of WHO budget and proposed program budget (2020-21) ကိုလည်းကောင်း၊

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သဘာဝဘေး) ဒေါက်တာခင်စန္ဒာအောင် နှင့် ဒုတိယညွှန်ကြားရေးမှူး (NHL) ဒေါက်တာဥမ္မာဆွေတင် တို့က Implementation status of GMS Health Security Project - ADB ကိုလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား) ဒေါက်တာထွန်းညွှန့်ဦး က ADB HIV/ AIDS project ကိုလည်းကောင်း၊

 

ဒုတိယညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာထားထားလင်း က HSS 2 Grant for Immunization System Strengthening (Gavi) ကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုသို့ရှင်းလင်းပြောကြားမှုများအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags