HelpAge International မှတာဝန်ရှိပုဂ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives Country Director, Technical lead and team

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် HelpAge International အဖွဲ့မှ Country Director Mr. Godfred Paul နှင့် Technical lead Prof. Anil Krishna တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံပွဲ၌ HelpAge International အဖွဲ့မှ Country Director Mr. Godfred Paul နှင့် Technical lead Prof. Anil Krishna တို့က ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Package of Essential Non-communicable Diseases International (PEN- Project) ဆိုင်ရာ သင်တန်းများကို တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးတွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

ထို့အပြင် WHO ၏အကူအညီဖြင့် World Health Survey (WHS) နှင့် STEPS Survey ကိုပူးပေါင်း၍ WHS Plus STEPS Survey အဖြစ် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလေ့လာ မှုစစ်တမ်းတွင် စိတ်ကျန်းမာရေးဆိုင်ရာ စစ်တမ်းကိုလည်း ပူးတွဲကောက်ယူသွားမည် ဖြစ်ပါကြောင်း၊

ဥရောပသမဂ္ဂ (European Union) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော MoU ရေးထိုးဆောင်ရွက်နေမှုသည် ယခုနှစ်ကုန်တွင် ပြီးဆုံးမည်ဖြစ်၍ United Kingdom ၏ အထောက်အပံ့ရယူကာ ဝန်ကြီးဌာနနှင့် M0U အသစ်ရေးထိုးကာ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားလိုပါကြောင်း၊

ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ အခြေအနေကို ဘက်စုံသုံးသပ်ဆန်းစစ်မည့် ဆွေးနွေးပွဲတစ်ခုကိုလည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်ပေးရန် မေတ္တာရပ်ခံ ဖိတ်ကြားပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် -

• HelpAge International အဖွဲ့မှ ဝန်ကြီးဌာန၏ လိုအပ်ချက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသောလုပ်ငန်းများအတွက် အသိအမှတ်ပြုပါကြောင်း၊

• WHS Plus STEPS Survey နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှတာဝန်ရှိသူအသီးသီးနှင့် ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနက လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစိုးဦး၊ ဆီးချို၊ သွေးချိုရောဂါကုဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာကိုကို၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှကပ်ရောဂါဗေဒဌာန ပါမောက္ခ/ ဌာနမှူး ဒေါက်တာကိုကိုဇော်၊ ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာကျော်ကံကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးကျော်ဦးတို့ တက်ရောက်ကြပါသည်။

More Tags