COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (23-9-2020, 8:00 AM)

၁။ (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၉-၂၀၂၀) နံနက် (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၃၁၁) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၉၀) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၉၂) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၃၃) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၈) ခု၊
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁,၁၈၉) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၀၈၃) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၁၆) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆,၉၅၉)ဦး ရှိပြီဖြစ်ပါသည်။
၃။ (၂၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲ နမူနာ (၂,၃၂၈)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၄၇၂) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၅၅၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၈၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၁၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁,၁၈၉) ခုနှင့်
- နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅၃) ခု၊
စုစုပေါင်း (၅,၅၈၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၈၉) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၃) ဦး တွေ့ရှိကြောင်းကို (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)
၄။ (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ ထပ်မံသေဆုံးသူ (၁) ဦး ရှိပါသည်။
၅။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၁၆) ဦးရှိပြီဖြစ်ပါသည်။


 

More Tags