ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမျိုးသား ပရဆေးဉယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

 
 
 
 
 
 
 

နေပြည်တော်၊ (၂၀၂၄)ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်

     “အမျိုးသားပရဆေးဉယျာဉ်အတွင်း Master plan ရေးဆွဲ၍ မြေယာပြုပြင် ထိန်းသိမ်းရေး(landscaping)၊ အစည်းအဝေးခန်းမ၊ တိုင်းရင်းဆေးပညာပြတိုက်တို့အား ထိန်းသိမ်း ထားရှိရန်၊ ပရဆေးစိုက်ခင်းပြကွက်များအား ရောဂါအလိုက်အကွက်ချ စိုက်ပျိုးသွားရန်၊ မြေ၊ ရေ၊ ရာသီဉတုနှင့် ကိုက်ညီမှုမရှိသည့် စိုက်ပျိုးရန်ခက်ခဲသည့် ဆေးဘက်ဝင်အပင်များအား Greenhouse စနစ်ဖြင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နှီးနွယ်ဝန်ကြီးဌာနများမှ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်သွားရန်”

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် အမျိုးသားပရဆေးဉယျာဉ်သို့သွားရောက်ကာ ပရဆေးဉယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများ၊ ဆေးဘက်ဝင် ပရဆေးပျိုးပင်များအား ပြုစုထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရဆေးဉယျာဉ်အတွင်းရှိ လျှိုပိတ်ဆည်ရေကန် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားပါသည်။ ဆက်လက်၍ ပရဆေးဉယျာဉ်အတွင်း ဆေးဘက်ဝင်ပရဆေးပင်များ ရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေးပညာ ပြတိုက်အတွင်းရှိ နယကြီးလေးပါးဆိုင်ရာပြသထားရှိမှု၊ ရေထွက်၊ မြေထွက်၊ အပင်ထွက်ဆေးပစ္စည်းများပြသထားရှိမှု၊ တိုင်းရင်းဆေးဝါး စက်ရုံထုတ်ဆေးဝါးများ ပြသထားရှိမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေး ထုတ်ဝေထားရှိသော စာအုပ်များ၊ လက်ကမ်းစာစောင်များကို လှည့်လည်ကြည့်ရှ စစ်ဆေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် နရသုခ ပျိုးဉယျာဉ်အတွင်း ပရဆေးပင်များ မျိုးထိန်းထားရှိမှု အခြေအနေများ၊ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ အမှတ်တရစိုက်ပျိုးထားသည့် အပင်များထိန်းသိမ်း ထားရှိမှု အခြေနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမျိုးသားပရဆေးဉယျာဉ်အား ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ ဗဟုသတရရှိစေပြီး အပန်းလည်းဖြေစေနိုင်သည့် ဉယျဉ်ကြီးတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အမျိုးသားပရဆေးဉယျာဉ်အတွင်း Master plan ရေးဆွဲ၍ မြေယာပြုပြင်ထိန်းသိမ်းရေး(landscaping)၊ အစည်းအဝေးခန်းမ၊ တိုင်းရင်းဆေးပညာပြတိုက်တို့အား ထိန်းသိမ်းထားရှိရန်၊ ပရဆေးစိုက်ခင်းပြကွက်များအား ရောဂါအလိုက် အကွက်ချ စိုက်ပျိုးသွားရန်၊ မြေ၊ ရေ၊ ရာသီဉတုနှင့် ကိုက်ညီမှုမရှိသည့် စိုက်ပျိုးရန် ခက်ခဲသည့် ဆေးဘက်ဝင်အပင်များအား Greenhouse စနစ်ဖြင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နှီးနွယ်ဝန်ကြီးဌာနများမှ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်သွားရန်၊ တိုင်းရင်း ဆေးဖြင့် လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ရေးဆောင်ရွက်သွားရန်၊ တိုင်းရင်းဆေးပညာတက္ကသိုလ်နှင့် ရုက္ခဗေဒဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ သင်ကြားရေး ဆိုင်ရာအထောက်အကူပြု လက်တွေ့ကွင်းဆင်း လေ့လာနိုင်သည့် နိုင်ငံတကာ မှလာရောက်လေ့လာနိုင်သည့် အဆင့်မီဉယျာဉ်တစ်ခုဖြစ်စေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

More Tags