ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဆေးရုံအဆောက်အဦနှင့် ဓါတ်ခွဲခန်းများ ပြုပြင်ရန် အလှူရှင်များမှ လှူဒါန်းသော လှူဒါန်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန်လ (၉)ရက်

       ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် (၉-၆-၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) နေပြည်တော်၌  မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးသွားသော ဆေးရုံအဆောက်အဦနှင့် ဓါတ်ခွဲခန်းများပြုပြင်ရန် အလှူရှင်များမှ လှူဒါန်းသော လှူဒါန်းပွဲအခမ်းအနားကို တက်ရောက်ပါသည်။ အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ အလှူရှင်အသင်းအဖွဲ့များမှ လှူဒါန်းရသည့်အကြောင်းအရင်းကို ရှင်းလင်းတင်ပြကြပြီး  မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးနှင့် သားဖွားမီးယပ် ရောဂါအထူးကုဆေးရုံကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဆေးရုံအဆောက်အဦ များပြုပြင်ရန် ကျပ်(၁၀၄၈.၀၀၀)သန်း၊ မြန်မာ-တရုတ်အမျိုးသားကုသိုလ်ဖြစ်အသင်းမှ နေပြည်တော်သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီးတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မီးယပ်ဆောင်နှင့်ခွဲစိတ်ဆောင်ပြုပြင်ရန် ကျပ်(၁၁၃.၀၀၀)သန်း၊  မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွား‌သော ဓါတ်ခွဲခန်းပြုပြင်ရန် ကျပ်(၇၈.၁၇၅)သန်း၊ Medi-Health Co., Ltd နှင့် Drug International Ltd တို့မှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အသုံးပြုရန် Modular Office (၂)လုံးအတွက်  ကျပ်သိန်း(၉၅၀)နှင့် မြန်မာတရုတ်အမျိုးသမီးများအသင်းမှ ကျပ်သိန်း(၁၅၀) လှူဒါန်းခြင်းတို့အား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည် ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

                             

 

                             

                             

          ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွား‌သော ဆေးရုံ၊ အဆောက်အဦ နှင့် ဓါတ်ခွဲခန်းများပြုပြင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပျက်စီးမှုအမျိုး အစားနှင့် ပျက်စီးမှုပုံစံအဆင့်များအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောက်လုပ်ရေး အင်ဂျင်နီယာပညာရှင်များမှ စနစ်တကျခန့်မှန်းတွက်ချက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အမြန်ဆုံး ပြုပြင်သွားမည်ဖြစ်ပါသည်။

                             

                             

                             

      

More Tags