ရမည်းသင်းမြို့နယ်တွင် ခရိုင်ပြည်သူ့ဆေးရုံအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ

ရမည်းသင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ပထမဆုံးနေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ခရိုင်ပြည်သူ့ဆေးရုံအခြေပြု၍ “ကိုဗစ်-၁၉ အန္တရာယ် မိမိကိုယ်တိုင် ကာကွယ်မယ်၊ ဦးစားပေး အစီအစဉ်အလိုက် စောင့်ဆိုင်းလို့ ကာကွယ်ဆေးကို ထိုးနှံစို့” အတိုင်း ဆေးရုံအခြေပြု ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်ပြည်သူ့ဆေးရုံကြီး၊ သံဃာဆောင်ခန်းမ၌ ယနေ့(၂၈-၁-၂၀၂၁) ရက်နေ့၌ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags