တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်အတွင်း STOP COVID-19 အဝါရောင် Campaign ကျင်းပပြုလုပ်

ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်

     ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်နှင့် လူစည်ကားသည့်နေရာ၊ ကားမှတ်တိုင် များတွင် STOP COVID-19 အဝါရောင် Campaign  ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ဗီနိုင်းများကပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။  STOP COVID-19 အဝါရောင် Campaign  တွင် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးနှင့် တစ်ဦးအသိပေးပါ၊ သတိပေးပါဟူသော အဓိကကျန်းမာရေးအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်အောင်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ် ပါသည်။ အဆိုပါ  STOP COVID-19 အဝါရောင် Campaign  ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးနှင့် အခြေခံကျန်းမာရေးပညာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လမ်းမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags