"ထပ်မံတိုက်တွန်းနှိုးဆော်ခြင်း" (16-12-2020)

(၁) ပုံများတွင် မြင်တွေ့ရသကဲ့သို့သော ပါးစပ်နှင့်နှာခေါင်းစည်း (mask) စနစ်တကျ မတပ်သူများနှင့် မေးသိုင်းထားသူများသည် မိမိကိုယ်တိုင်သာမက မိသားစုဝင်များနှင့် အခြားသူများထံသို့ COVID-19 ကူးစက်နိုင်သည်ဆိုသည့်အချက်ကို အသိရှိရန်နှင့် သတိမမေ့ရန် လိုပါသည်။

(၂) နေရာပေါင်းစုံမှ လူများလာရောက်ရာ နေရာဖြစ်သည့် ဈေးများသည် COVID-19 ရောဂါ ကူးစက်ရန် အခွင့်အလမ်း အများဆုံးနေရာတစ်ခု ဖြစ်ပါသည်။

(၃) ဤကဲ့သို့သော ပါးစပ်နှင့်နှာခေါင်းစည်း (mask) စနစ်တကျ မတပ်သူများနှင့် မေးသိုင်းထားသူများရှိနေသရွေ့ မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ပါသည်။

(၄) ပြည်သူအားလုံးသည် ထိုကဲ့သို့သော စည်းကမ်းမရှိသူများအား ရောဂါဖြန့်နေသူများ အဖြစ်ရှုမြင်သုံးသပ်ကြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (mask) (စနစ်တကျ) တပ်စေရန် သတိပေးကြပါ။

(၅) ပါးစပ်နှင့်နှာခေါင်းစည်း (mask) (စနစ်တကျ) မတပ်ထားသူများထံမှ ဈေးလုံးဝ (လုံးဝ) မဝယ်ကြပါရန် သတင်းဖြန့်ဝေပေးကြပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 
 
 
 
 
 
 
 
 

More Tags