Director of Medical Action Myanmar (MAM) နှင့် အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives Director of Medical Action Myanmar (MAM) and team

နေပြည်တော်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၂-၁-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် Director of Medical Action Myanmar (MAM)/ Director of Myanmar Oxford Clinical Research Unit (MOCRU)/ Prof. Frank Smithuis နှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာ၌ Prof. Frank Smithuis နှင့်အဖွဲ့က -

MAM အနေဖြင့် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ သွားလာရန်ခက်ခဲသော နေရာဒေသများနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တို့တွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း၊ စေတနာဝန်ထမ်း ကျန်းမာရေးလုပ်သား၊ စေတနာဝန်ထမ်းငှက်ဖျားလုပ်သား (VHW/ ICMV) များ လေ့ကျင့်မွေးထုတ်ပြီး HIV/ AIDS ၊ ငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရောဂါဖြစ်ပွားမှုအခြေအနေ၊ ဆေးရုံသို့ လွှဲပြောင်းကုသသင့်သော လူနာများကို ညွှန်းပို့ကုသနိုင်ရန် ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသုံးစွဲသူများ (IVDU) အကြောတွင် HIV နှင့် HCV ရောဂါကူးစက်မှုလျော့နည်းကျဆင်းရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီးနောက် MOCRU အနေဖြင့် Melioidosis, Srcub typhus, rickettsial infection, Adult respiratory infections, Artemisinin resistance, snake-bite antiverom research, MOCRU-FIND lever Management Study စသည့် သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• MAM အနေဖြင့် ငှက်ဖျား၊ တီဘီ၊ HIV/ AIDS ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရွာတွင်လည်းကောင်း၊ စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သား/ ငှက်ဖျားလုပ်သားများ လေ့ကျင့်သင်ကြားရာတွင်လည်းကောင်း သက်ဆိုင်ရာစီမံချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ မြို့နယ်ဦးစီးဌာနမှူးများ၊ လက်ထောက် ကျန်းမာရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

• MAM နှင့် MOCRU တို့၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုရလဒ်နှင့် သုတေသနတွေ့ရှိချက်များကို သက်ဆိုင်ရာ စီမံချက်များသိရှိအောင် အသိပေးဝေမျှခြင်းနှင့် ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ MAM မှ consultant ဒေါက်တာကျော်ဝင်း၊ Director (operation) ဒေါက်တာနှင်းစုစုခင်၊ Medical and Research Consultant ဒေါက်တာနီနီထွန်းနှင့် ဒေါက်တာအောင်ပြည့်ဖြိုးတို့ တက်ရောက်ခဲ့ကြပါသည်။

More Tags