Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ မတ်လ (၃၀) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းမှုများ လက်ခံခဲ့ပါသည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးနေဝင်းထွန်းက -

 

• မိမိတို့ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို နိုင်ငံသားများ ပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လှူဒါန်းရမှု အကြောင်းကို ပြောကြားရာတွင် -

 

• ယခုအခါ ချမ်းသာကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများဖြစ်ပွားနေသည်ကို တွေ့ရှိနေရပါကြောင်း၊

• ကမ္ဘာ့နိုင်ငံများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိက လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊

 

• မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား "အရေးကြီးပြီ သွေးစည်းကြစို့" ဆောင်ပုဒ်နှင့် အညီ စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့်လည်း တတ်အားသရွေ့၊ အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာတွင် -

 

• ယခုကဲ့သို့ လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• ပြည်သူများမှ လှူဒါန်းငွေများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

• COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် မိမိကိုယ်ကို ရောဂါမကူးစက်စေရန်နှင့် မိမိမှ တစ်ဆင့်အခြားသူများထံ ရောဂါမကူးစက်စေရန် နည်းလမ်းများကို လုပ်နာကျင့်သုံးခြင်းဖြင့် ထိရောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ကျောက်မျက်ကုမ္ပဏီများက ကျပ် (၄၁၀၀.၅) သိန်းနှင့် (၁၄၂.၆) သိန်း တန်ဖိုး ဆေးရုံသုံးပစ္စည်းများကိုလည်းကောင်း၊

TZTM Group of Companies and Mingalar Thiri Hotel မိသားစုက ကျပ် (၃၀၀) သိန်း ကိုလည်းကောင်း၊

Mya Htike Company Limited မိသားစုက ကျပ် (၁၆၄.၈) သိန်းနှင့် ဆေးရုံသုံးပစ္စည်းများကို လည်းကောင်း၊

J- Mr. Yan Changzhi ZTE Co.Ltd က ကျပ် (၁၁၂) သိန်းတန်ဖိုးရှိ test kit များကိုလည်းကောင်း၊

ရွှေပြည့်စုံသင်္ကန်းပိတ်လိတ်ဖြန့်ချီရေးမိသားစုက ကျပ် (၃၀.၆) သိန်းကိုလည်းကောင်း ပေးအပ် လှူဒါန်းခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ ညနေပိုင်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းငွေ ကျပ် (၅၀၀) သိန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးပိုက်ထွေးနှင့် တာဝန်ရှိသူများက လာရောက် လှူဒါန်းမှုအား လက်ခံခဲ့ပါသည်။

     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးက ပြောကြားရာတွင် -

• မိမိတို့ပါတီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲများမရှိဘဲ ယခုလို ကူးစက်ရောဂါဖြစ်ပွားချိန်တွင် ပြည်သူ့အကျိုးကို ရည်မျှော်ပြီး ပူးပေါင်းဆောင်ရွက်ရ မည်ဟူသော မူဝါဒရှိကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေရန် ယုံယုံကြည်ကြည်ဖြင့် ယခုလို လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခု COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အားလုံးစုစည်း ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

 

More Tags